လွယ်ဂျယ် ဇွန် ၉
ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ပိုမိုလွှမ်းခြုံနိုင်ရေးအတွက် ကချင် ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၅)နှစ် မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက်(၉)နာရီက စတင်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် ကျန်းမာရေးညွှန်ကြားချက်နှင့် အညီ ကျောင်းသား၊ ကျောင်းသူများအား ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ စနစ် တကျ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinopharm) ကို ထိုးနှံပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း အကျုံးဝင်သူ Grade -5 မှ ကျောင်းသား၊ ကျောင်းသူ(၄၃)ဦး၊ Grade-4မှ (၃၇)ဦး စုစုပေါင်း(၈၀)ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ထွန်းတို့က ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြကြောင်း သိရသည်။
လွယ်ဂျယ်(ပြန်/ဆက်)