ဟိုပင် ဇွန် ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၁)တွင် ပညာသင်ကြားနေကြသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း အလယ်တန်းနှင့် မူလတန်း အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက စတင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်း များနှင့် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ရရှိမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဆေးတစ်လုံးလျှင်(၅)ဦး ထိုးနှံရသည့် Sinopharm ဆေးအမျိုးအစားကို ထိုးနှံပေးခဲ့ကြောင်းခြင်းဖြစ်ကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး ပြန်/ဆက်