တောင်သာမြို့နယ်တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

တောင်သာ ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ  တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရ သည်။

ထိုသို့စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် နှမ်း၊ မြေပဲ စိုက်ပျိုးဧက တစ်ဧကကို ငွေကျပ် (၁၀၀၀၀၀/-) နှုန်းဖြင့် ဆီမီးကန်အုပ်စု၊ ဆီမီးကန်ကျေးရွာရှိ တောင်သူ(၂၄)ဦး၊  စိုက်ပျိုးဧက (၁၆၅) ဧက စုစုပေါင်းငွေကျပ် (၁၆၅)သိန်း၊ လက်သဲကျင်ကျေးရွာအုပ်စု၊ လက်သဲကျင်ကျေးရွာရှိ တောင်သူ (၂) ဦး၊ စိုက်ပျိုးဧက (၉) ဧက စုစုပေါင်းငွေကျပ် (၉) သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးကြောင်း သိရသည်။

ကျန်ရှိသည့် တောင်သူများအားလည်း စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ် ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ်မန်နေဂျာ ဦးသက်ခိုင်ဇော်ထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)