ကျောက်မဲ ဇွန် ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ ယနေ့နံနက် ၁၀ နာရီမှစတင်၍ ကျောက်မဲမြို့နယ်မှအသက် ၅ နှစ်မှ ၁၅ နှစ်အတွင်းရှိ ကျောင်းနေပြင်ပကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Senopharm စတင် ထိုးနှံပေးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်းရှိ ကျောင်းနေပြင်ပကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့မှစ၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံလိုသည့် ကလေးသူငယ်များ အနေဖြင့်မှတ်ပုံတင်ရှိပါက ယူဆောင်လာရန်၊ မိဘအုပ်ထိန်းသူနှင့်အတူ လာရောက်ထိုးနှံရန် လိုအပ်ကြောင်း သိရသည်။
အလားတူ ကျောက်မဲမြို့နယ်ရှိ ကျောင်းနေသည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများကိုလည်း သက်ဆိုင်ရာကျောင်း၌ ဇွန် ၂ ရက်နေ့ကစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေးနေပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)