ရန်ကင်း ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ဌာနဆိုင်ရာများသို့ ယခင်ငှားရမ်းပေးထား သော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသစာအုပ်များကို ထပ်မံ ပြန်လည်ငှားရမ်းပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုရာမှ အသိပညာဗဟုသုတများ ရရှိစေရန်၊ အမှားနှင့်အမှန်ကို သေချာစွာပိုင်းခြား တတ်လာစေရန်၊ စာပေမြင့်မှလူမျိုးတင့်မည်ဖြစ်သည့်အတွက် စာပေအသိရှိလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန် ရည်ရွယ်၍ သွားရောက်ငှားရမ်း ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာအုပ်များ ငှားရမ်းပေးခြင်းကို ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ ရပ်ကွက်များသို့ အလှည့်ကျ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)