တောင်ကြီး ဇွန် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနကဖွင့်လှစ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီက စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အမှာစကားပြောကြားရာတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင်ပါဝင်နေသည့် ဌာနများ၏ဝန်ထမ်းများအနေဖြင့် ဆက်စပ်ဌာနများ၏ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို ပိုမိုကျေညက်စွာသိရှိစေဖို့နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှမို့ချမည့်ဘာသာရပ်များကို သေသေချာချာလေ့လာမှတ်သား၍ မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိတဲ့အခါ လေ့လာသင်ယူခဲ့ရသည့် အသိပညာ၊ ဗဟုသုတများဖြင့် ကုန်သွယ်မှုလုံခြုံရေးနှင့် လွယ်ကူချောမွေ့စေရေးကို အဟန့်အတားမဖြစ်စေဖို့ သတ်မှတ်ထားသော လိုက်နာရမည့် စံပြုလုပ်ငန်းစဉ်(SOP)နှင့်အညီ စစ်ဆေးဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြစေလိုကြောင်း ပြေကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြများက သင်ခန်းစာများကို ဆက်လက်ပို့ချခဲ့သည်။ အဆိုပါ သင်တန်းကို ၈-၆-၂၀၂၂ ရက်နေ့မှ ၉-၆-၂၂ ရက်နေ့ထိ နှစ်ရက် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ ၁၈ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)