ပင်လုံ ဇွန် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့ နံနက်ပိုင်းမှစ၍ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအားလည်းကောင်း၊ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများ အား Myancopharm ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများကို ကွင်းဆင်းဆောင်ရွက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကာကွယ်ဆေးမထိုးနှံမီ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးနှံပြီးပါက နာရီဝက်စောင့်ဆိုင်းစေခြင်းများကို စနစ်တကျဆောင်ရွက်ထားကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ပင်လုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ကျော် နှင့်ဆရာ/ဆရာမများ၊ ဝန်ထမ်းများပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)