မိုးနဲမြို့နယ်  မြို့မကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုးနဲ  ဇွန်  ၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူး‌ပေါင်း၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ်  အကြိုအဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း  (မြို့မ) တန်းစီကွင်းနေရာ၌  ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမာက ဟောပြောပွဲဆောင်ရွက်ရခြင်း နှင့်စပ်လျဉ်း၍ အသိပညာ‌ပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့မရဲစခန်းမှ ဒုတိယရဲအုပ် ဆန်းမင်းထွေးက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများနှင့် ရရှိလာမည့် ပြစ်မှု/ပြစ်ဒဏ်များ ကိုလည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက မူးယစ်ဆေးဝါးသည် နေရာဒေသ တိုင်းမှာရောက်ရှိနေပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာများမှာ ဆိုးကျိုးကိုသာပေးသည့်အတွက်  ဆက်နွယ်သည့်လူတန်းစားနှင့် နီးစပ်သည့် လူတန်းစားတွေကို အသိ၊ သတိရှိဖို့ လာရောက်အသိပညာပေးခြင်းဖြစ်ပြီး  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် မိမိအတွက် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများ လေ့လာဖတ်ရှုမှတ်သားကြရန် ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူလေးများက သိရှိ‌လိုသောအချက်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဝိုးတောင်း (မိုးနဲ)