မိုးနဲမြို့နယ်၌ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်စေရေး အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/ကျောင်းသူ များအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ

မိုးနဲ ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်  အခြေခံပညာကျောင်းများ၌ အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်‌စေ‌ရေးနှင့် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်း‌ဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ဥယျာဉ်‌ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌    ဆက်လက်ထိုးနှံပေးလျက်ရှိ‌ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်  ဆရာဝန်ကြီး ဒေါက်တာ ဇင်မီဟန်တို့မှ လာရောက်ကြီးကြပ်ပေးပြီး  ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊  မြို့နယ်ကြက်ခြေနီအသင်းခွဲ စေတနာ့ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ခလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်‌ရေးမှူးများပူးပေါင်းကာ  ကိုယ်အပူချိန်တိုင်းတာပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် အသက် (၅) နှစ်မှ ၁၂ နှစ် အတွင်းရှိ   ကျောင်းသား/ကျောင်းသူ  စုစုပေါင်း ၁၂၁ ဦးကို  ပထမအကြိမ် ထိုးနှံပေးခဲ့ကြပြီး KG ကျောင်းသား/ကျောင်းသူ ၂၄ ဦးကို (BAB)အားဆေး  ၂၄၀ လုံး တစ်ဦးလျှင် ၁၀ လုံနှုန်းနှင့် (para)ဆေးအရည်ဘူး ၂၀ ဘူးကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက KG နှင့် Grade-1 ကျောင်းသား/ကျောင်းသူ လေးများအတွက်ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်‌ခံခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)