မိုင်းဆတ်မြို့၌ ပလတ်စတစ်အန္တရာယ်အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မိုင်းဆတ် ဇွန် ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ပလတ်စတစ်အန္တရာယ်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန့်နေ့ နံနက် (၉) နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက ပလတ်စတစ်၏အဓိပ္ပာယ်များ၊ တစ်ခါသုံးပလတ်စတစ်၏အဓိပ္ပာယ်များ၊ ပလတ်စတစ်၏ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးမေးမြန်းရာ ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပန်းအိသွယ်က ပလတ်စတစ်ဆိုသည်မှာ လူတို့ဖန်တီး ပြုလုပ်ထားသည့် အော်ဂဲနစ်ပိုလီမာ တစ်မျိုးဖြစ်ကြောင်း၊ တစ်ခါသုံးပလတ်စတစ်သည် တစ်ကြိမ်တစ်ခါသာအသုံးပြုရန် ဖန်တီးထားကြောင်း၊ စွန့်ပစ်ရလွယ်ကူကြောင်း၊ နေရာတိုင်း ဝယ်ယူရရှိနိုင်ခြင်းကြောင့် ကျယ်ပြန့်စွာသုံးစွဲနေကြောင်း၊ ပလတ်စတစ် အားသာချက်မှာ အစိုဓာတ်နဲ့ အပူဒဏ်အသင့်အတင့်ကိုခံနိုင်ကြောင်း၊ ထုပ်ပိုးရလွယ်ကူကြောင်း၊ ပလတ်စတစ် အားနည်းချက်သည်  မီးလောင်လွယ်ပြီး ဆွေးမြေ့ပျက်စီးမှု အချိန်ကြာမြင့်ကြောင်း၊ အန္တရာယ်ရှိသည့် ဓာတုဒြပ်ပေါင်းများ ပါဝင်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

မြင့်မောင်(ပြန်/ဆက်)