ဟိုပန် ဇွန် ၈
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား(၃၄၇)ဉီး၊ ကျောင်းသူ(၃၈၃)ဉီး စုစုပေါင်း(၇၃၀)ဉီးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘ အုပ်ထိန်းသူများ၊ ဆရာ/ဆရာမများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြသည့် ကလေးသူငယ် ကျောင်းသား/သူ များအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ စာရင်းအချက်အလက် များကောက်ယူခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည်။
ယနေ့တွင်လည်း ဟိုပန်မြို့နယ်၊ ပန်ကောက်ကျေးရွာရှိ၊ အထက(ခွဲ)ကျောင်းနှင့် စံပြကျေးရွာရှိ အမကကျောင်း စသည့်ဆေးထိုးစုရပ်နေရာများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)