ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ငါန်းဇွန် ဇွန် ၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက ဇွန်လ ၃ ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ထိုးနှံပေးရာတွင် ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်း(၁၂၇)ကျောင်းနှင့် ဘက(၁၀)ကျောင်း စုစုပေါင်း(၁၃၇)ကျောင်းမှ ယမန်နေ့က (၁၀၉၉)ဦးထိုးနှံပေးခဲ့ရာ ဇွန် ၃ ရက်နေ့မှ ၇ ရက်နေ့အထိ (၂၃၀၈)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာအခြေခံပညာကျောင်းများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။      

သက်နောင်ဦး(ငါန်းဇွန်)