နမ့်ဆန် ဇွန် ၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁နာရီအချိန်ကဆေးလိပ်အန္တရာယ်အသိစိတ်ဖြင့်ကာကွယ်အသိပညာပေး Talk Show ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် နမ့်ဆန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းဆိုင်လီခမ်းက ပြည်သူများသိထားသင့်သည့် ဆေးလိပ်ဆိုးကျိုးနှင့်အန္တရာယ်၊ ဆေးလိပ်သောက်ခြင်းဖြင့်အဖြစ်များသည့် ရောဂါလက္ခဏာများ၊ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ဆေးလိပ်၏ အဓိပ္ပာယ်၊ ဆေးလိပ်သောက်ခြင်း ပြဋ္ဌာန်းထားသည့် ဥပဒေများ ဆေးလိပ်သောက်ခွင့်မရှိသည့်နေရာတို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Showကို IPRD Namhsan Facebook Page မှ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းသိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)