လာအိုနိုင်ငံမှ နေရပ်ပြန်( ၁၅၃ )ဦးအား နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေး

တာချီလိတ် ဇွန် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှ နေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားအမျိုးသား ( ၁၁၉) ဦး၊ အမျိုးသမီး( ၃၄)ဦး ၊စုစုပေါင်း( ၁၅၃)ဦးကို ယနေ့  နံနက် ၁၂ နာရီက  မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ဇွန်လ(၃)ရက်က လာအိုနိုင်ငံမှ တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ဝင်ရောက် လာခဲ့ကြ သူများဖြစ်ပြီး စံလင်းဖြိုး Quara- ntine Centre တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စောင့်ကြည့် စစ်ဆေးရန် ( ၅ )ရက်ထားရှိ၍ နှာခေါင်းနှင့်အာခေါင်တို့ဖတ်   (၂)ကြိမ်ရယူ စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့သူများအား ၎င်းတို့၏ နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသည့် အမျိုးသားတစ်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် သတ်မှတ်ကာလထိ ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်များတွင် တာချီလိတ်မြို့မှ(၄၄)ဦး ပါဝင်ပြီး ကျန်သူများမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှဖြစ်ကြကြောင်း၊ နေရပ်ပြန်များကို ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းဝင်များက ကူညီစောင့်ရှောက်ပေးလျက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)