တံတားဦး ဇွန် ၈
ကမ္ဘာကြီးပူနွေးလာမှုကိုကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ပြည်သူလူထုသို့ ပျိုးပင်များအခမဲ့ဖြန့်ဝေခြင်းကို ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှသိရသည်။
တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြည်သူများသို့ ပျိုးပင်များအခမဲ့ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် မိုးရာသီမှာ သီးသန့်ပျိုးပင်များ အခမဲ့စိုက်ပျိုးရန် ပြုစုပျိုးထောင်ထားပါကြောင်း ဒါ့အပြင် ကျေးရွာထင်းစိုက်ခင်း(၅၀)ဧကအတွက် ယူကလစ်ပျိုးပင်ပေါင်း (၆၀၅၀၀) စိုက်ပျိုးပြီးပါကြောင်း၊ မိမိတို့ရပ်ကွက်၊ ကျေးရွာတွေမှာ စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်ပင်များစိုက်ပျိုးလိုပါက မြို့နယ်သစ်တောဦးစီးဌာနတွင် အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ထွန်း၏ပြောကြားချက်အရ သိရသည်။
ရဲတင့်