မန်တုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း ကျောင်းသားမိဘများနှင့် အစည်းဝေးကျင်းပ

မန်တုံ ဇွန် ၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမ၌  ယနေ့နံနက် (၁၀) နာရီ အချိန်က မူလတန်းကြိုကျောင်း၊ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ကျောင်းသားမိဘများ အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လူမှုဝန်ထမ်းဦးစီးဌာနသည် အကြောင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်တို့ကြောင့် လူမှုရေးဒုက္ခနှင့် ကြုံတွေ့နေရသူများအား ကူညီစောင့်ရှောက်သည့်လုပ်ငန်းနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အဓိကထားဆောင်ရွက်သည့် ဌာနတစ်ခုဖြစ်ကြောင်း၊ ဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းရပ်များအား ရှင်းလင်းပြောကြားပြီး မူလတန်းကြိုကျောင်းဖွင့်လင်းထားရှိမှု အခြေအနေများ၊ ကလေးငယ်များအတွက် လက်ရှိစီမံဆောင်ရွက်ထားရှိ အခြေအနေများ၊ အလေးများအတွက် လိုအပ်လျက်ရှိမည့်ကိစ္စရပ်များအား ကလေးမိဘများမှအကြံဉာဏ်များပေး၍ ကူညီဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ကလေးမိဘများမှအပြန်အလှန် ဆွေးနွေးကြပြီး အစည်းအဝေးအား မွန်လွဲ (၁၂)နာရီတွင် ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ မူလတန်းကြိုကျောင်းအား သင်ကြားရေးဆရာမများ(၆)ဦးနှင့် ၂၀၂၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့မှ စတင်ဖွင့်လှစ်ထားရှိပြီး ကလေးငယ်ပေါင်း(၇၀)ဦး တက်ရောက်လျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

မန်တုံ(ပြန်/ဆက်)