ညောင်ဦး ဇွန် ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်လှူဒါန်းပွဲအခမ်းအနားတွင် ရန်ကုန်မြို့ သူရိယစာပေတိုက်မှ သုတ/ရသ စာအုပ်ပေါင်း (၂၆၁) လှူဒါန်းခဲ့ကြောင်း သိရှိသည်။ ထိုသို့လှူဒါန်းရာတွင် သူရိယစာပေတိုက် ကိုယ်စား ဦးဝင်းထိန်မှ သုတ/ရသ စာအုပ်များ လှူဒါန်းပြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပ ြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး (ဦးစီးအရာရှိ) နှင့် ဒေါ်ဇင်ယုခိုင် (စာကြည့်တိုက်တာဝန်ခံ) တို့မှလက်ခံရယူကာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လက်ထောက်ညွှန်ကြားရေးမှူး) ဒေါ်စန်းယုမော်မှ ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့လှူဒါန်းသည့် သုတ/ရသစာအုပ်များအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံး ပြည်သူ့စာကြည့်တိုက်တွင် စနစ်တကျထိန်းသိမ်းပြီး ငှားရမ်းဖတ်ရှုစေမည်ဖြစ်ကြောင်း၊ လှူဒါန်းသည့်စာအုပ်များမှာ နှစ်ငါးဆယ်တက္ကသိုလ် (၁၀)အုပ်၊ ချမ်းသာဖို့အမြဲချမ်းသာဖို့ (၁၀) အုပ်၊ ရန္တပို (၅)အုပ်၊ ကေတီဥပဒေအိတ်ဆောင် အဘိဓာန် (၁၀) အုပ်၊ Good English (၃) အုပ်၊ ဖြစ်ရပ်မှန်အမိတက္ကသိုလ် ဟာသများ(၁၀) အုပ်၊ သေမင်းနှင့်လက်တကမ်း (၁၀) အုပ် အစရှိသည့် စာအုပ်အမျိုးအစားပေါင်း (၂၉) မျိုး၊ စာအုပ်အရေအတွက် (၂၆၁) အုပ်တို့အား စာအုပ်များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကြေးမုံ