မိုင်းပန် ဇွန် ၈
မိုင်းပန်မြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)အထိ ကျောင်းသား/သူများ အားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကိုယမန်နေ့ နေ့လည်ပိုင်းက မိုင်းပန်မြို့အလက(ခွဲ) မြို့မကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာသို့မြို့နယ်စီမံခန့်ခွဲမှုကော်မတဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နိုင်လင်းထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေးဆက်လက်ထိုးနှံပေးမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)