ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် လုပ်ငန်းများအရှိန်အဟုန်ဖြင့်ဆောင်ရွက်

ကျောက်ဆည် ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းလမ်းဘေးဝဲယာနေရာများနှင့် မြို့အထွက်နေရာများတွင် သန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပြီး ပန်းအလှပင်များ၊ အရိပ်ရအပင်များ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ဂုဏ်ကျက်သရေတိုးတက်စေရေး မြို့အဝင်/မြို့အထွက်နေရာများတွင် ပေါင်းမြက်များအားရှင်းလင်းခြင်း၊ ထွက်ရှိလာသောအမှိုက်များအား စနစ်တကျစွန့်ပစ်ခြင်း၊ ပန်းအလှပင်များ၊ အရိပ်ရအပင်များစိုက်ပျိုးခြင်း၊ မြို့တွင်းလမ်းဘေးဝဲ/ယာနှင့် လမ်းလယ်ကျွန်းများတွင် ပန်းအလှပင်များ စိုက်ပျိုးပုံဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျိုးပင်များစိုက်ကြိုက်ရရှိရေး ပြည်သူ့ပန်းခြံတွင် ပျိုးဥယာဉ်ဆောက်လုပ်ထားရှိပြီး ပျိုးပင်မျိုးစုံပျိုးထောင်ထားရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)