စဉ့်ကိုင်မြို့နယ်တွင် အစိုးရနိကာယ်စာမေးပွဲဖြေဆို

စဉ့်ကိုင် ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်သာသနာရေး၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက၂၀၂၂-ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲကို တရုတ်စုရပ်ကွက်တိုက်ကျောင်း ပရိယတ္တိစာသင်တိုက်၌ မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ယနေ့မွန်းလွဲ(၁)နာရီ အချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

နိကာယ်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှသံဃာတော်များနှင့် သီလရှင်များလာရောက်ဖြေဆိုကြရာ ဇွန် လ(၇)ရက်နေ့တွင် အုပ်စုအလိုက် အုပ်စု(၁)မှ အုပ်စု(၉)အထိ ပါရာဇိကပါဠိ၊ သီလက္ခန္ဓ၀ဂ္ဂပါဠိ၊ မူလပဏ္ဍာသပါဠိ၊  သဂါထာ၀ဂ္ဂနိဒါန၀ဂ္ဂသံယုတ္တပါဠိအုပ်စု၊ ဧကမှ စတုက္ကနိပါတအထိခုဒ္ဒကပါဌမှ သုတ္တနိပါတထိမဟာနိဒ္ဒေသပါဠိ၊ ဓမ္မသင်္ဂဏီပါဠိဓာတုကထာပုဂ္ဂ လပညတ္တိပါဠိတို့ကိုဖြေဆိုခဲ့ရာ စာဖြေသံဃာတော်များ၊ သီလရှင်များဆရာကြီးဆရာလေးများ စုစုပေါင်း(၁၈၅)ပါးဖြေဆိုခဲ့ကြသည်။

အဆိုပါ နိကာယ်စာမေးပွဲ ကို ဇွန်လ(၇)ရက်မှစ၍   ဇွန်လ(၁၁)ရက်နေ့အထိ မွန်းလွဲ (၁)နာရီမှ ညနေ (၃)နာရီအထိ ဖြေဆိုသွားမည်ဖြစ်ပြီး ကြီးကြပ်ဆရာတော်ကြီးများ၊ ဖြေဆိုသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်း၊ကွမ်းဖူလုံစေရေးနှင့် ကျန်းမာရေးကိစ္စများကို စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနဝန်ထမ်းများနှင့် အလှူရှင်များက ဆပ်ကပ်လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဝင်းသန်း