နောင်ချို ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အ.ထ.က(၁) ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက်(၉) နာရီမှစ၍ ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဇွန်လ (၈)ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့ ဇွန်လ(၈)ရက်နေ့၌ အ.ထ.က(၁)ကျောင်းတွင် ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား၊ ကျောင်းသူများထဲမှ ကျောင်းသား၊ကျောင်းသူ (၆၃၀)ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာ၌ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံကြမည့် ကလေးသူငယ်ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာဆေးထိုးအဖွဲ့များဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆေးထိုးစုရပ်များဖြစ်သည့် အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသေရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)