ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ (၆၄၀၃)ဦး ထိုးနှံပြီးဖြစ်

ကျောက်ဆည် ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာခွဲအချိန်တွင်(၆၄၀၃) ဦးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် အသက်(၁၂)နှစ်အ ထက် ကျောင်းသား/ကျောင်းသူများ၊ အသက်(၁၅)နှစ်အထက် သာမဏေနှင့်သီလရှင်များ၊ အသက်(၁၈)နှစ်အထက် ပြည်သူ များကိုလည်း ကိုဗစ်-၁၉ရောဂါ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် ပထမအကြိမ်အဖြစ် အသက်(၅)နှစ်မှ(၁၅)နှစ် ကျောင်းသား/ကျောင်းသူ (၆၄၀၃)ဦးနှင့် ကျောင်းပြင်ပကလေးသူငယ်(၆၇)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၄၉၆)ဦး၊ အသက် (၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၁၄၄၃)ဦး၊ အသက်(၁၈)နှစ်အထက် ပြည်သူ(၁၆၇၆၂၁)ဦး စုစုပေါင်း (၁၈၄၀၃၀)ဦးနှင့် ဒုတိယအကြိမ်အဖြစ်(၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၇၄၈)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်း သား/ကျောင်းသူ (၈၁၃၉)ဦးနှင့် ပြည်သူ(၁၄၅၇၇၆)ဦး၊ စုစုပေါင်း(၁၅၄၆၆၃)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး (၁၃၉၅၈)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ပြည်သူများ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာကျောင်း(၆၄) ကျောင်းနှင့် ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၊ စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှစသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ပထမအကြိမ်၊ ဒုတိယအကြိမ် ကာကွယ်ဆေးများနှင့် ထပ်ဆောင်း ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

သက်မောင်(ကျောက်ဆည်)