ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကလေးငယ်များအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ဒဂုံတောင် ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မွေးကင်းစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကျန်းမာရေးဌာနခွဲသို့ ဆေးထိုးရန် လာရောက်ကြသော ကလေးငယ်များနှင့် မိခင်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး သတ်မှတ်နေရာများ၌ နားနေစေပြီး စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကလေးငယ်များအတွက်လည်း ရာသီအလိုက် ဖြစ်ပေါ် တက်သော ကူးစက်ရောဂါများဒဏ်မှလည်း ကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ဒေသန္တရကျန်းမာရေးဌာနခွဲများတွင် ပုံမှန်ထိုးနှံပေးလျက်ရှိပြီး အဆိုပါ ကလေးပုံမှန်ကာကွယ်ဆေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်