လယ်ဝေးမြို့နယ်အတွင်းရှိ (၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသားကျောင်းသူ(၁၉၂၇၄)ဦး အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

လယ်ဝေး ဇွန် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူ များအား ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျှက်ရှိပြီး ယမန်နေ့အထိ ကျောင်းသား/ကျောင်းသူ(၁၉၂၇၄)ဦးအား ထိုးနှံပေးပြီးကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်း ကျောင်းသားကျောင်းသူလေးများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိသည်။ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူ(၂၆၉၂၂)ဦး၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် (၁၈၂)ဦးနှင့် ကိုယ်ပိုင်ကျောင်းများတွင်(၉၀)ဦး ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းလျာထားသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အခြေခံပညာကျောင်းများတွင် (၇၆၄၈)ဦး၊ ဘုန်းတော်ကြီးသင်နှင့် ကိုယ်ပိုင်ကျောင်းများတွင် (၂၇၂)ဦး စုစုပေါင်း (၇၉၂၀)ဦး ကျန်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့်(၇၀.၈၇) ရာခိုင်နှုန်း ထိုးနှံပြီးစီးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)