လှိုင်းဘွဲမြို့ပေါ် (ခ) ရပ်ကွက်နှင့် (ဃ) ရပ်ကွက် ဆက်သွယ်ထားသော အာဇာနည်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

လှိုင်းဘွဲ ဇွန်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့ပေါ် (ခ) ရပ်ကွက်နှင့် (ဃ) ရက်ကွက်အတွင်း ဆက်သွယ် ထားသော အာဇာနည်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၅၄.) ကျပ်သန်းဖြင့် ကွန်ကရစ်လမ်းအရှည် (၁၁၁၀) ပေ၊ အကျယ်(၁၈)ပေ၊ အထူ (၆) လက်မအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဇွန်လ (၁) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ  (၅၀) ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

စောဒိ (ပြန် / ဆက်)