မိုင်းငေါ့မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်

မိုင်းငေါ့ ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းငေါ့မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှါးရမ်းခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀:)နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့ ကိုယ်တိုင် မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှု့နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ် ပေးသွားမှာဖြစ်ပါသည်။

အဆိုပါ ဆောင်ရွက်ခြင်းတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သတ်သည့် သုတ၊ ရသ စာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထု စာအုပ်များအား ငှါးရမ်းပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)