ဗိုလ်တထောင် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်းအမှတ်(၆)၌ ယနေ့နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သိန်းသိန်းယဉ်နှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်ခိုင်တို့က မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးကြောင့်လူငယ်များ မူးယစ်နွံထဲမရောက်အောင် ဆေးလိပ်၊ အရက်မသောက်ရန်၊ မူးယစ်ဆေးဝါးကို ဘုံရန်သူအဖြစ်သတ်မှတ်၍ ဝေးဝေးမှရှောင်ရှားရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ကြရန်၊ မူးယစ်ဆေးဝါးသည် လူသားများကိုအညွန့်တုံးစေကာ မိသားစုအလိုက်ဘဝပျက်စေသောကြောင့် စမ်းသပ်မှုမပြုလုပ်ကြရန် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သည့်ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဉာဏ်စမ်းပြိုင်ပွဲကျင်းပပြုလုပ်ပြီး ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ဟောပြောပွဲကို ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သိန်းသိန်း (ဗိုလ်တထောင်)