ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ (၂၄၃၃၉) ဦး တက်ရောက် ပညာသင်ကြား

ကျောက်ပန်းတောင်း ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ အေးချမ်းစွာဖွင့် လှစ်သင် ကြားပေးလျက်ရှိပြီး၊ မြို့နယ်အတွင်း ဖွင့်လှစ်သည့် အခြေခံပညာကျောင်း (၂၈၂) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄၃၃၉) ဦး တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  အခြေခံပညာအထက်တန်းကျောင်း (၁၇) ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) (၃၇)ကျောင်း၊ အလယ်တန်းကျောင်း (၂၈) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၂၃) ကျောင်း၊ မူလ တန်းလွန်ကျောင်း (၅၄) ကျောင်း၊ မူလတန်းကျောင်း (၁၁၉) ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) (၄) ကျောင်း စုစုပေါင်း(၂၈၂) ကျောင်း ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်းသိရပြီး အဆိုပါ ကျောင်းအသီးသီး၌  မူလတန်းအဆင့်တွင် လာရောက်အပ်နှံသူ (၁၇၃၆၃) ဦးရှိ၍ တက်ရောက်သူ (၁၆၈၅၇) ဦးရှိကြောင်း၊ အလယ်တန်းအဆင့်တွင် အပ်နှံသူ(၆၁၇၅)ဦးရှိ၍ တက်ရောက်သူ (၅၉၉၅)ဦးရှိကြောင်းနှင့် အထက်တန်းအဆင့်တွင် အပ်နှံသူ (၁၅၆၄) ဦးရှိပြီး တက်ရောက်သူ (၁၄၈၇) ဦးရှိရာ ကျောင်းတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းမှာ (၂၄၃၃၉) ဦးရှိသဖြင့် ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းမှာလည်း (၉၆.၉၆) ရာခိုင် နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူး‌ဒေါ်မော်မော်ထံမှ သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများ အေးချမ်းစွာဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆန္ဒအလျှောက် ထိုးနှံနိုင်ရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှု့ဖြင့် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ တပ်မတော်လုံခြုံရေးတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းများအား လှည့်လည်စစ်ဆေး၍ လိုအပ်သည် များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)