မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မန္တလေး ဇွန် ၈

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာမူလွန်ကျောင်း အမှတ် (၂၀) တို့ ပူးပေါင်းကျင်းပသော ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီက လူထုအခြေပြုသင်တန်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက "လူငယ်မောင်မယ်များ စာပေဗဟုသုတနှင့် ပြည့်စုံစေရန်၊ ကဗျာကို အသံနေအသံထား၊ ကိုယ်ဟန်အမူအယာဖြင့် ပြန်လည်ရွတ်ဆို ပြတတ်စေရန်၊ စာပေကိုမြတ်နိုးပြီးတန်ဖိုးထားသူများ ဖြစ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက "စာပေချစ်မှလူမျိုးတင့်မည်" ကဗျာဖြင့် အသီးသီး ရွတ်ဆိုပြိုင်ပွဲဝင်ကြောင်း သိရသည်။

မန္တလေးခရိုင် (ပြန်/ဆက်)