ချမ်းမြသာစည် ဇွန် ၈
နတ်သျှင် (ရွှေဂူ) ၏ "လူငယ်များကိုပြုစုပျိုးထောင်ပေးပါ" စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ ဗဟုသုတများရရှိစေရန် စာဖတ်အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်တွင်ပါဝင်သည့် "လူငယ်များကိုပျိုးထောင်ပေးပါ" နှင့် "ပတ်၀န်းကျင်ကောင်းကို တန်ဖိုးထားပါ" ခေါင်းစဉ်များကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စာကြည့်တိုက်လက်ထောက် (၃) ဒေါ်ခင်မာဦးက "စာဖတ်ခြင်းအတတ်ပညာ" ခေါင်းစဉ်ကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်၃ဒေါ်ညိုညို၀င်းက "အတွေးများလှစေချင်" ခေါင်းစဉ်ကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်ခိုင်ခင်ဦးက "လူကြီးနှင့်လူငယ်" ခေါင်းစဉ်ကိုလည်းကောင်း၊ စာပေဝါသနာရှင် ဒေါ်အေးမာလာနှင့် ဒေါ်ထားထားရီတို့က "ဆုံးမသည်ဆိုရာ၀ယ်" ခေါင်းစဉ်နှင့် "လူငယ်နှင့်အချိန်၏တန်ဖိုး" ခေါင်းစဉ်များကို အသီးသီး ဖတ်မှတ်ဆွေးနွေးခဲ့ကြသည်။
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုး သူများနှင့်ပူးပေါင်း၍ အများပြည်သူများ ဖတ်ရှုလေ့လာသင့်သည့် သုတရသစာအုပ်ကောင်းများ ကို ရွေးချယ်ကာ စာဖတ်ဝိုင်း၊ စာပေဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါစာဖတ်ဝိုင်းသို့ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ Book Club အဖွဲ့၀င်များ၊ စာပေဝါသနာရှင်စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စိမ်း၀င်း