ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလန် နှစ်သိန်း လေးသောင်းတစ်ထောင်ကျော် လှူဒါန်းပေးနိုင်ခဲ့ပြီးဖြစ်

ညောင်ဦး  ဇွန် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ဇီးပင်ကြီး တဲတိုက်နှင့် အိုင်းမတဲတိုက်သို့ ယနေ့နံနက် ၈ နာရီအချိန်က သောက်သုံးရေဂါလန် (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်း အကျိုးတော်ဆောင်များထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိရာ အိုင်းမတဲတိုက် အတွက် သောက်သုံးရေ ဂါလန် (၁၆၀၀) နှင့် ဇီးပင်ကြီးတဲတိုက်အတွက် သောက်သုံးရေဂါလန် (၁၆၀၀) လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်း လာသည့် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် သောက်သုံးရေးလိုအပ်နေသော ကျေးရွာများသို့ သောက်သုံးရေဂါလန် (၂၄၁၆၀၀) ဂါလန်လှူ ဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေ အကျိုးတော်ဆောင်များထံက သိရသည်။

ကြေးမုံ