ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း သွားရောက်ကြည့်ရှုစစ်ဆေး

ဥတ္တရသီရိ ဇွန် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနေမှုနှင့် စာသင်ကြားနေမှုများကို ယမန်နေ့နံနက် ၉ နာရီက  နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းသား၊ကျောင်းသူများ ပညာရည်မြင့်မားရေးနှင့် ဆရာနှင့်ကျောင်းသားများ ညီညွတ်မျှတစေရေး၊ သင်ကြားရေးစနစ်များ ကောင်းမွန်စေရေးတို့ကို ပြောကြားခဲ့ပြီး ကျောင်းကော်မတီဝင်များက ကျောင်း၏လိုအပ်ချက်များ တင်ပြပြောကြားမှုတို့ကို နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနေမှုနှင့် စာသင်ကြားနေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ နှာခေါင်းစည်း (MASK)များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)