လင်းခေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Mobile Library) စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်း‌ပေးခြင်းကွင်းဆင်းဆောင်ရွက်

လင်းခေး  ဇွန် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများသည် ယမန်နေ့  မွန်းလွဲ(၁)နာရီက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လင်းခေးခရိုင်ဖွံ့ ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်၍ Mobile  Library စနစ်ဖြင့် စာအုပ်၊စာစောင်မျာငှားရမ်းပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ထိုသို့ ငှားရမ်းပေးခြင်း မဆောင်ရွက်မီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒေါ်နန်းပြုံးရီ(ဦးစီးအရာရှိ)က အဆိုပါလုပ်ငန်းကွင်းဆင်းဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်းသည်များ ကို စာဖတ်ပရိသတ်များအား ဦးစွာရှင်းလင်းပြောကြားပေးခဲ့ပါသည်။

ဒေါ်နန်းပြုံးရီက ယင်းသို့ရှင်းလင်းပြောကြားရာ၌ အကြောင်းအမျိုးမျိုးအားဖြင့်ဖြစ်စေ၊ အလုပ်မအားလပ်၍ဖြစ်စေ မိမိတို့၏ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိ ပြည်သူ့စာကြည့်တိုက်သို့မလာရောက်နိုင်သော ဌာနဆိုင်ရာစာဖတ်ပရိတ်သတ်များအနေဖြင့် စာပေကို လွယ်လင့်တကူဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်သူများစာဖတ်ရှိန်တိုးတက်မြှင့်မားလာ‌စေရေး၊ ပြင်ပဗဟုသုတများနှင့်ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများအား လွယ်ကူအဆင်ပြေစွာ လေ့လာဖတ်ရှုနိုင်​ရေး၊ ခေတ်စနစ်အရ Online system ဖြင့် စာပေဖတ်ရှုလေ့လာနိုင်ကြသော်လည်း အခကြေးငွေ ကုန်ကျမှုရှိပြီး၊ Mobile libraryအနေဖြင့် ငွေကုန်ကြေးကျမှု မရှိသောစနစ်ဖြစ်ကြောင်း၊ ထိုသို့အတွက် စာဖတ်ပရိတ်သတ်များရှိရာ ရုံးဌာနများသို့ရောက် ယခုကဲ့သို့ လာရောက်ကွင်းဆင်း ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ၎င်းနောက် စာဖတ်သူများအား စာအုပ်စာပေ၊ သုတ/ရသ မျိုးစုံတို့ကို ငှားရမ်းပေးခဲ့ကြသည်။

ဌာနဆိုင်ရာရုံးများရှိ ၀န်ထမ်းများအတွက်သာမက မြို့နယ်အတွင်းရှိ ပြည်သူလူထု စာဖတ်ပရိသတ်များရှိရာနေရာများသို့လည်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးမှ ဝန်ထမ်းများက အပတ်စဉ်၊ လစဉ် Mobile Library လှည့်လည် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)