မိုင်းရယ် ဇွန် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့ပေါ်ကျောင်းများနှင့် ကျေးရွာအုပ်စုများရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယမန်နေ့က မိုင်းရယ်မြို့၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မိုင်းရယ်မြို့၊ အမှတ်(၁)အခြေခံပညာမူတန်းကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း(၆၅)ဦးကို ထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)