ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ နိကာယ်စာမေးပွဲ (မဟာဝိဒူတန်း) စာမေးပွဲ ကျင်းပပြုလုပ်

ဒဂုံအရှေ့ ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမြို့နယ် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိကာယ်စာမေးပွဲ (မဟာဝိဒူတန်း) စာမေးပွဲကို တိပိဋကမဟာဂန္တဝင်နိကာယ် ကျောင်းတိုက်တွင် ယနေ့ မွန်းတည့် ၁ နာရီအချိန်က ကျင်းပပြုလုပ်လျက်ရှိသည်။  

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ကျင်းပသော နိကာယ်စာမေးပွဲကို တိပိဋကမဟာဂန္တဝင်နိကာယ် ကျောင်းတိုက်တွင် နေ့လယ် ၁၃ နာရီမှ ညနေ ၅ နာရီထိ ကျင်းပလျက်ရှိပြီး ဖြေဆိုကြသည့် စာဖြေသံဃာများသည် ပါရာဇိကကဏ္ဍာအဠကထာ၊ သီလက္ခန္ဓဝဂ္ဂအဠကထာ၊ မူလပဏ္ဍာသအဠကထာ၊ သံယုတ္တအဠကထာ၊ ဥဒါနအဠကထာ၊ က္ကုတိဝုတ္တကအဠကထာ၊ ပါထိကဝဂ္ဂအဠကထာအစရှိသည် ဘာသာများကို ဖြေဆိုသွားရမည်ဖြစ်ရာ နိကာယ်စာမေးပွဲကို နိကာယ်စာမေးပွဲကြီးကြပ်ရေးဥက္ကဋ္ဌ ဆရာတော်များ၊ မြို့နယ်သံဃာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၅) ရက် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

အဆိုပါ နိကာယ်စာမေးပွဲကို ဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့နယ်) ရှိ သံဃာတော်အပါး (၁၀၉) ပါးမှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်သာသနာရေးမှူးရုံးမှ သိရသည်။ 

အေးမဉ္ဇူ(ပြန်/ဆက်)