မဟာအောင်မြေမြို့နယ်၌ လုပ်ငန်းခွင်အကြို လက်ထောက်မူလတန်းပြသင်တန်းဖွင့်လှစ်

မဟာအောင်မြေ ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ဇွန်လ (၄) ရက်‌နေ့မှစတင်၍ အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်း၌ လုပ်ငန်းခွင်အကြို လက်ထောက်မူလတန်းပြသင်တန်းအား ဆက်လက်ကျင်းပ‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာ‌အောင်မြေမြို့နယ် စုစုပေါင်း (၄) မြို့နယ်ကို မဟာအောင်မြေမြို့နယ် အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်းဖွင့်လှစ်ကာ လုပ်ငန်းခွင်အကြို လက်ထောက်မူလ တန်းပြသင်တန်းအား သင်တန်းနည်းပြ ဆရာ/ဆရာမ (၁၆) ဦးတို့က သင်ကြားပို့ချ‌ပေးလျက်ရှိပြီး လုပ်ငန်းခွင်အကြို လက်ထောက်မူလတန်းပြ ဆရာ(၁)ဦး၊ ဆရာမ (၁၆) ဦး စုစုပေါင်း (၁၇) ဦးတို့အား ဇွန်လ (၄) ရက်နေ့မှ (၁၀) ရက်နေ့အထိ (၇) ရက်ကြာ သင်ကြားပို့ချသွားမည်ကြောင်း သိရသည်။

အောင်ဇော်မင်း