မန္တလေး ဇွန် ၇
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမကမူလွန်(၂၀)တို့ ပူးပေါင်းကျင်းပသော စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် လူထု အခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက "ကျောင်းသားလူငယ် မောင်မယ်များ ငယ်စဉ်က စာပေဖတ်ရှုသည့် အလေ့အထရှင်သန်စေရေး၊ စာကိုအသံနေအသံထားမှန်ကန်စွာ ဖတ်ရှုတတ်စေရေး၊ အဖြတ်အတောက် စနစ်ကျစေရေးနှင့်စာပေဗဟုသုတကြွယ်ဝစေရေးတို့အတွက် ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း ဆွေးနွေးရှင်းလင်းသည်။ အမကမူလွန်(၂၀)ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်က "ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းအားဖြင့် ကလေးငယ်များ စာပေဖတ်ရှုမှုကို စိတ်အားထက်သန်စေပါကြောင်းနှင့် စာပေဗဟုသုတနှင့်ပြည့်စုံသည့် ထူးချွန်ထက်မြက်သော လူငယ်မောင်မယ်များပေါ်ထွန်းစေပါကြောင်း ပြောကြားသည်။
အဆိုပါပြိုင်ပွဲသို့ အမကမူလွန်(၂၀)မှ ကျောင်းသား/ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)