မုဒုံ စက်တင်ဘာ ၇
မွန်ပြည်နယ် မုဒုံမြို့နယ် ဆက်သွယ်ကျေးရွာအုပ်စု အဘစ်ကျေးရွာ အလယ်တံ ခွန်တိုင်လမ်း တွင် ယမန်နေ့ ညနေ ၃နာရီခွဲ အချိန်ခန့်က မီးဘေးသင့်အိမ်ထောင်စု(၁)စု အတွက် ထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကျေးရွာ၌ နေထိုင်သော ဦးမောင်ထော်ကျော်၏ နေအိမ်တွင် စက်တင်ဘာ ၅ရက် နံနက် ၃နာရီခွဲ အချိန်ခန့်က ရေနွေးအိုးတည်ရာမှတစ်ဆင့် နေအိမ်မီးလောင် ကျွမ်းခဲ့၍ ဆုံးရှုံး ခဲ့ရ သည့်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် မိသား စု သုံးပစ္စည်း၊ အိမ်ဆောက်ပစ္စည်း(၁)စုံ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းတစ်လစာ (၁)စုံ တို့ကို မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်ဗိုလ်နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ ဝင်(၄)ဦးတို့က မိသားစုထံသို့ သွားရောက် ပေးအပ်ခဲ့ပြီး ယာယီတဲအိမ်တည်ဆောက် ပေးခြင်း နှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု များဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)