ဒေါပုံ ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သူဇာ၀င်းက မူးယစ်ဆေးဝါးကို ဘုံရန်သူအဖြစ် သတ်မှတ်ကာဝေးဝေးမှ ရှောင်ရှားစေလိုကြောင်းနှင့် အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ကြရန်၊ မူးယစ်ဆေးဝါးသည် လူသားတွေကို အညွန်တုံးစေပြီး မိသားစုအလိုက် ဘဝပျက်တာမျိုးတွေရှိရပါကြောင်း၊ လူငယ်တွေ မူးယစ်နွံ့ထဲမရောက်ဖို့ အသိပညာပေး ဟောပြောခဲ့သည်။
နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်များကို ပိုမိုအသုံးချတတ်လာပြီး စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာဗဟုသုတများ မြှင့်မားလာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် အသိပညာဗဟုသုတများစွာရရှိစေမည့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ပြီး၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါး ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါး အမျိုးအစားများ နံရံကပ်စာစောင်များကို ပြသခဲ့ရာ အလက (၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သူဇာ၀င်း