သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းလုပ်ငန်းအားဆောင်ရွက်

သာ​ကေတ ဇွန် ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊‌ ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်(Sinopharm)အား ထိုးနှံခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ရာ ကျောင်းသား‌၊ ကျောင်းသူ(၄၈၀)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။

သာကေတမြို့နယ်ရှိ ကျောင်းအခြေပြုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် (Sinopharm)အား ဆက်လက်ထိုးနှံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၀၉:၀၀)နာရီ၌ အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းတွင် ကာကွယ်ဆေးထိုးနှံရန်စာရင်းရှိ(၄၀၄)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊‌ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ/ မရှိ၊ ကာကွယ်ဆေးများထိုးနှံထားခြင်းရှိ/ မရှိစနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သာကေတမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း(၄၆)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်းကျောင်း(၆)ကျောင်း၊ ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိကပညာ‌ရေးကျောင်း(၈)ကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်​‌ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/‌ဆက်)