နမ့်ခမ်း စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များကို ပြည်သူများ စနစ်တကျလိုက်နာရန်အတွက် ယမန်နေ့၊ နံနက် (၉)နာရီအချိန်ခန့်က အသံချဲ့စက်များဖြင့် နမ့်ခမ်းမြို့တွင်း၌ လိုက်လံအသိပေး နှိုးဆော်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို လူစည်းကားသည့် နမ့်ခမ်းမြို့၊ ရပ်ကွက်(၁၄)၊ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)အောင်မေတ္တာဈေးတို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်လမ်းညွှန်ချက်အတိုင်း ပြည်သူများ အနေဖြင့် မဖြစ်အနေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း(Mask)တပ်ဆင်ပြီး သွားလာကြရန်၊ လူစုလူဝေးရှောင်ကြဉ်ကြရန်၊ မိမိလက်များကို မကြားခဏလက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောသန့်စင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ နေထိုင်ကြရန်၊ မိမိကိုယ်အပူချိန်မြင့်တက်မှုများ ခံစားပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြသပြီး ကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုများလည်း စည်းကမ်းစနစ်တစ်ကျလိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန်တို့ကို မော်တော်ယာဉ်ပေါ်၌ အသံချဲ့စက်တပ်ခြင်ပြီး လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။
ဆက်လက်ပြီး ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လိုက်လံအသိနှိုးဆော်ခြင်းကို နမ့်ခမ်းမြို့၊ မြို့နယ်အဆင့် COVID-19ရောဂါ ကာကွယ်၊ ထိန်ချုပ်၊ ကုသရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစိးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ဝိုင်းဝန်းပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘဦး (ပြန်/ဆက်)