မချမ်းဘော့ ဇွန် ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်နေမှုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လုံခြုံရေးဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉နာရီမှ မွန်းလွဲ ၂နာရီအထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဉာဏ်လင်းထွန်းဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကြည်မိုး၊ အတွင်းရေးမှူး ရဲမှူး မြင့်နိုင်ဦး၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတူးဂျာ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဆွေတို့ လိုက်ပါလျက် မချမ်းဘော့မြို့နယ်ရှိ အခြေခံပညာကျောင်းများဖြစ်သည့် အမက-၂မချမ်းဘော့၊ အမက-အင်ဝိုင်းဘော့၊ အမက-အင်ဘူးဘော့ကျောင်း၊ အမက-အမ်ဘူဒမ်းကျောင်းနှင့် အထကခွဲ-နမ်ခမ်ကျောင်းစသည့် မလိခမြစ်ရိုး တစ်လျှောက်ရှိ ကျောင်းများသို့ ကျောင်းသူ/သားများ ကျောင်းတက်နေမှုနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လုံခြုံရေးကိစ္စများ ဆောင်ရွက်ပေးမှု အခြေအနေများကို ကြည့်ရှုပြီးလိုအပ်သည်များ မှာကြားကာ ကျောင်း၌လိုအပ်သော ပါးစပ်၊ နှာခေါင်းစည်း mask များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်