ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် မွေးစအရွယ်မှ အသက် (၁၀) အထိ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

ကျောက်ဆည် ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုး ဌာနတွင် ယနေ့နံနက် (၉) နာရီက မွေးစအရွယ်မှ အသက်(၁၀)နှင့်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာ၌ အပတ်စဉ်အင်္ဂါနေ့နှင့် ကြာသာပတေးနေ့များတွင် မွေးစအရွယ်တွင် အသည်းရောင်အဝါ(ဘီ)၊ (၂) လအရွယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန် အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၄) လ အရွယ်တွင် ပြင်းထန် ဝမ်းပျက် ဝမ်းလျှော၊ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်၊ (၆)လအရွယ်တွင် ပိုလီယို၊ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၉)လအရွယ်တွင် ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး၊ (၁)နှစ်ခွဲ အရွယ်တွင် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ဝက်သက်ဂျိုက်သိုး၊ (၉)နှစ်အရွယ်နှင့် (၁၀) နှစ်အရွယ်တို့တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)