ဝမ်းတွင်းမြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂) အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး

ဝမ်းတွင်း ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစုရပ်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ ယခုလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အထက-ခွဲ(ဝမ်းတွင်း)၊ အမှတ်(၅)မူလွန်၊ အထက-ခွဲ (အိုမတွေ့)၊ အမက (ရွှေကူ)၊ အမက (ပန်းကြိုင်)၊ အထက (ညောင်အုပ်ဖီး)၊ အထက-ခွဲ (လျော်ပင်)၊ အမက (ရွာသစ်)၊ မူလွန် (ထနောင်းကုန်း)၊ အထက(ထန်းပင်ကုန်း)၊ မူလွန်(ရွဲသီး)၊ မူလွန်(သဲတော-၂) အစရှိသည့် ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးခဲ့ကြောင်းနှင့် ဝမ်းတွင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ (၁၂၁၉၅) ဦးရှိရာ ယနေ့အချိန်ထိ ကျောင်းသား၊ ကျောင်းသူ (၁၆၆၁) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သီတာထံမှသိရသည်။

အဆိုပါ အသက်(၅)နှစ်မှ အသက် (၁၂) အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးရာတွင် သက်ဆိုင်ရာမိဘများ၏ ခွင့်ပြုချက်များရယူကာ ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှု့ရေးအသင်းအဖွဲ့များ ပူးပေါင်းကာဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲမျိုးသက်(ဝမ်းတွင်း)