မိုးကုတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင် စုပေါင်းစိုက်ပျိုးပွဲတော်ကျင်းပ

မိုးကုတ်  ဇွန် 

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်ကျင်ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မိုးကုတ်မြို့ ပတ္တမြားမြေဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သစ်ပင်စိုက်ပျိုးကြမည့် ဌာနဆိုင်ရာများ ဦအသင်းအဖွဲ့များထံသို့ သစ်ပင်ပျိုးပင်များကို အမှတ်(၁)စစ်ဗျူးဟာမှူး ဗိုလ်မှူးကြီးတင့်ဇော်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့်အဖွဲ့ဝင် ဗိုလ်မှူးကျော်သူရွှေ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ  ဦးခင်မောင်ထွေးတို့မှ  ပေးအပ်သည်။

ဆက်လက်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မိုးကုတ်မြို့ ပတ္တမြားမြေဂေါက်ကွင်းအတွင်းတွင် ချယ်ရီ၊ ထင်းရှူး၊ ခါတော်မှီ၊ စိန်ပန်းပြာ၊ ရေမနေ၊ သစ်အယ် ပျိုးပင်(၆၀၀)ကို မိုးကုတ်မြို့အမှတ်(၁)စစ်ဗျူဟာမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊  အသင်းအဖွဲ့များနှင့် တက်ရောက် လာကြသူများမှ  စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာသူ  အင်အားစုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

နန်းခွာညိုနှင်း(ပြန်/ဆက်)