ဝမ်းတွင်း ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အတက်ပညာများရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာပြီး မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို မေ ၁၇ ရက် နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ မြို့နယ်အတွင်းရှိကျေးရွာများမှ အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်လိုသည့် သင်တန်းသူ ၂၅ ဦးအား အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးဦးဝင်းနိုင်ဦးထံမှ သိရသည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းတွင် စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်းလေ့ကျင့်ခြင်းနှင့်အခြေခံချုပ်ရိုးများချုပ်ခြင်း၊အမျိုး သမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီတို့ကို စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)