ညောင်ဦး ဇွန် ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊(Communiy Center) ခန်းမ၌ ယနေ့နံနက် ၉နာရီခွဲအချိန်က ကလေးငယ်များ ဉာဏ်ထက်မြက်သွက်လက်စေရန် စာလုံးဆက်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က ကျောင်း သား၊ကျောင်းသူများ ကျောင်းပိတ်ရက်အားလပ်ချိန်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်တွင် စာငှားကတ်၊ အသင်းဝင်ကတ်ပြုလုပ်၍ စာအုပ်၊စာပေများ ငှားရမ်းဖတ်ရှုနိုင်ကြောင်း၊ စာကြည့်တိုက်တွင်စာဖတ်ခြင်း၊ ကလေးစာဖတ်ခန်းတွင် စာဖတ်ခြင်းများ လည်းစာပေလေ့လာဖတ်ရှုနိုင်ကြောင်း၊ ကလေးစာဖတ်ခန်းအတွင်းစက္ကူအရုပ်အမျိုးမျိုး ပြုလုပ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စစ်တုရင် ကစားခြင်းများလည်းကစားနိုင်ကြောင်း၊ အနာဂတ်ကို ဖန်တည်းမည့်မျိုးဆက်များအား စာကြည့်တိုက်မှ အမြဲကြိုဆိုပါကြောင်းပြောကြားကာ အင်္ဂစာစာလုံးဆက်ပြိုင်ပွဲအား ယှဉ်ပြိုင်စေသည်။ စာလုံးဆက်ပြိုင်ပွဲအား ညောင်ဦးမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-2 ကျောင်းသူကျောင်းသားများဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရပြီး ပြိုင်ပွဲဝင်ကျောင်းသား/သူများအား ဗလာစာအုပ်၊ခဲတံများလက် ဆောင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ