နွားထိုးကြီး စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်(၈)ရပ်ကွက်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၈) နာရီက ထိုးနှံ၊ တိုက်ကျွေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးရာတွင် အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ် များကို အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်၊ (ပီစီဗွီ)၊ ဝက်သက်၊ ပိုလီယိုကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့၊ မေးခိုင်၊ ပိုလီယိုကာကွယ်ဆေး (အိုင်ပီဗွီ) စသည့်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက လူမှုရေး အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှားခေါင်းစည်း (Mask) များ တပ်ဆင်လာစေရေး၊ လူစုလူဝေးမဖြစ်စေရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)