တောင်ဥက္ကလာပမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထထမအကြိမ် ဆက်လက်ထိုးနှံပေး

တောင်ဥက္ကလာပ ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁ဝ) နာရီကစ၍ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲမှူး ဦးစို့ညွှန့်ဦး၊  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌ အေးအေးမိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းတို့က ကြီးကြပ်ပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ‌‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိကြောင်း၊ ဇွန်လ ၆ ရက်နေ့တွင် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေး Sinopharm ထိုးနှံသူကျောင်းသား၊ ကျောင်းသူ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ (၂၂၈)ဦး၊ အမှတ် (၆) အခြေခံပညာ အလယ်တန်းကျောင်းမှ (၅၀) ဦး၊ အမှတ်(၂၁) အခြေခံပညာ မူလတန်းကျောင်းမှ (၁၇) ဦး၊ အမှတ် (၆) အခြေခံပညာ မူလတန်းကျောင်းမှ (၁၂၂) ဦး၊ စုစုပေါင်း (၄၂၅) ဦးအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)