မရမ်းကုန်း ဇွန် ၇
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ကို ယမန်နေ့နံနက် ၉:၀၀နာရီအချိန်က စတင်ကာ ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း ကူညီဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၉၁)ဦးအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အေးအေးအောင်